ဝါ့ဒ်ပရက်စ် မှာ မဂ္ဂဇင်းစတိုင်လ် Themes တွေ လူကြိုက်များ၊ ပေါ်ပြူလာ ဖြစ်နေတာ အတော်ကြာပါပြီ။ ဘာ့ကြောင့် Magazine Style Wordpress Theme တွေ ဒီလောက် လူကြိုက်များနေရပါသလဲ။
အဖြေက ရှင်းပါတယ်။ ဒီနေ့ခေတ်၊ ဒီနေ့အချိန်ဟာ Multi Media ခေတ်ဖြစ်တာနဲ့ အညီ သတင်းသမားတွေ၊ မီဒီယာသမားတွေ ဟာ သတင်းမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ တစ်ချိန်ထဲ၊ တစ်ပြိုင်ထဲမှာ လူတွေဆီကို ပေးသွားနိုင်ဖို့ ကြိုးစားလာကြပါတယ်။
အဲဒီလို သတင်းမီဒီယာတွေကို ဖြန့်ဝေတဲ့နေရာမှာ ဒီနေ့အချိန်မှာ အင်တာနက် ဆိုတဲ့ ကွန်ယက်ဆက်သွယ်မှု လမ်းကြောင်းဟာ မရှိမဖြစ်၊ မပါမပြီး တဲ့ အခြေအနေရောက်နေတာ လူတိုင်းသတိထားမိကြမှာပါ။ အဲဒီလို မရှိမဖြစ်၊ မပါမပြီးဖြစ်နေပြီး လူအများစုနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ အင်တာနက်ပေါ်မှာ သတင်းရေးသားခြင်း ဆိုတဲ့အတတ်ပညာ ကို အိုင်တီနည်းပညာတွေနဲ့ ကျွမ်းကျင်လိမ္မာစွာ ပေါင်းစပ်တတ်ဖို့လိုအပ်လာပါတယ်။
လူအများစု စုပေါင်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာသော်လည်းကောင်း၊ လူတစ်ဦးချင်း ရေးသားအသုံးပြုနိုင်တဲ့ Weblog တွေမှာသော်လည်းကောင်း အဲဒီလိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်တာကတော့ အလွယ်တကူနဲ့ စွမ်းအားပြည့် အသုံးချနိုင်တဲ့ Wordpress Weblogging Platform နဲ့ သူ့ရဲ့မဂ္ဂဇင်းစတိုင်လ် (CMS Style) Theme တွေပဲဖြစ်ပါတယ်။ Wordpress Magazine Style Theme အများစုကို ကမ္ဘာ့မဟာသတင်းဆိုဒ် ကြီးတွေဖြစ်တဲ့ CNN ၊ NewYork Times တို့ရဲ့ Design တွေပေါ်မှာ အခြေခံပြီး ရေးဆွဲထားကြပါတယ်။
ဒီ Magazine Style Themes တွေကို ဘယ်သူစတင် ရေးသားလိုက်တယ် ဆိုတာကို ပြောဖို့ခက်ပေမယ့် အဲဒီအမျိုးအစား Themes တွေ ဘယ်လောက်လူကြိုက်များ၊ အောင်မြင်နေတယ်ဆိုတာ အောက်ပါ နေရာတွေကို သွားကြည့်လိုက်တာနဲ့ သိသာနိုင်မှာပါ။ အဲဒီနေရာတွေကို ရောက်ရှိ လေ့လာပြီးတဲ့ နောက် သင်ကိုယ်တိုင်လည်း WordPress Magazine Style Theme တွေကို ကြိုက်နှစ်သက်တတ်သူ တစ်ဦးဖြစ်လာမယ် ဆိုတာ ၉၀% သေချာသလောက်ပါပဲ။
1. Branford Magazine Theme
2. Structure Theme
3. The Morning After Theme
4. Visionary Theme
5. Mimbo Theme

6. Jello Wala Mello Theme
7. Forte Theme
8. Massive New Theme

9. Option Theme (The Newest & The Best)

Popularity: 74% [?]




















March 5th, 2008 at 11:05 pm
ကောင်းတယ်ဗျ .. ခုမှ သေချာ လိုက်ဖတ်ဖြစ်တာ
March 7th, 2008 at 7:51 pm
Word Press templates တွေကို blogger မှာ အသုံးပြုလို့ ရနိုင်မလားခင်ဗျ။ အခုနောက်ဆုံးပေါ် မဂ္ဂဇင်းစတိုင် တန်းပလိတ်တွေကို သဘောကျပါတယ်။ ဘလော့ဂါမှာ သုံးချင်လို့ပါ။ ရနိုင်၊ မရနိုင် သိပါရစေ။
March 8th, 2008 at 9:35 pm
@စိုးထက် - ဒေါက်တာရေ။ စောစောစီးစီး လာအားပေးသွားလို့ ကျေးဇူးပါပဲဗျာ။
@MyMetro- ကိုမီထရိုရေ WordPress Theme တွေကို Blogger မှာ တိုက်ရိုက်သုံးလို့မရနိုင်ပါဘူးခင်ဗျာ။ ဘာလို့လဲ ဆိုတော့ Blogger နှင့် ၀ါ့ဒ်ပရက်စ် ဟာ အခြေခံ Platform မှာကတည်းကိုက ကွဲလွဲပြီးသား ဖြစ်တဲ့ အတွက်ပါပဲ။ ဥပမာ အနေနဲ့ ပြောရရင် WordPress Theme တစ်ထုပ်မှာ style.css, index.php, single.php…စသဖြင့် သူနဲ့ သက်ဆိုင်ရာ ဖိုင်ပေါင်း အနည်းဆုံး (၁၂ ) ခု ခန့်လိုအပ်ပါတယ်။ Blogger မှာတော့ template.xml ဆိုတဲ့ .xml ဖိုင်တစ်ခုတည်းနဲ့ အလုပ်လုပ်တာ ဖြစ်တဲ့ အတွက် WordPress Theme တွေ ကို Blogger မှာ တိုက်ရိုက် အသုံးမပြုနိုင်ကြောင်း ပြန်ကြားလိုပါတယ်။
တစ်ကယ်လို့ ကိုမီထရိုသုံးချင်တယ်ဆိုရင်တော့ ဒီအောက်က ဆိုဒ်တွေဟာ Free နဲ့ User တွေ အကြိုက်တွေ့တဲ့ WordPress Theme တော်တော်များများကို အစဉ်တစိုက် Blogger Template အဖြစ် အသွင်ပြောင်းပေးနေတဲ့ နေရာဖြစ်ပါတယ်။ သူ့ဆိုဒ်မှာ ယခင် Transform လုပ်ပြီးသား Blogger Template တော်တော်များများရှိတာကို ကိုမီထရို တွေ့ပြီးသားလည်း ဖြစ်ရင်ဖြစ်မှာပါ။ ၎င်းနေရာတွေမှာ Blogger Template အဖြစ် အသွင်ပြောင်းပြီးသား Wordpress Theme (Magazine Style တွေလည်း ပါပါတယ်) များကို ရှာဖွေဒေါင်းလုဒ် လုပ် အသုံးပြုနိုင် ပါကြောင်း။
http://www.jackbook.com/http://blogandweb.com/templates-blogger/
March 9th, 2008 at 5:38 pm
အခုလို သေသေချာချာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Magazine style template ကို ဘလော့ဂါမှာ ပြောင်းသုံးချင်တာ ကြာပါပြီ။ xml ကို ကိုယ်တိုင်လဲ မပြောင်းတတ်တော့၊ ဝယ်သုံးဖို့လဲ မဖြစ်နိုင်တော့ အခုနောက်ဆုံးပေါ် ဒီဇိုင်းတွေကို jackbook တို့က ပြောင်းပေးတဲ့အထိကို စောင့်ပြီးယူသုံးဖို့ပဲ ရှိပါတော့တယ်။ လက်ရှိပြောင်းပြီးသား ပုံစံတွေကိုလဲ မကြိုက်ဘူးလေ။ ဟီး။ အလကားလဲ လိုချင်သေးတယ်။ အလှဆုံး၊ အကောင်းဆုံးကိုလဲ လိုချင်သေးတယ်။ အဲလိုဖြစ်နေပြီ။
ကျွန်တော်က ကိုမှော်ဆရာတို့များ ပြောင်းပေးနိုင်မလားလို့။ စကားစကြည့်တာပါ။ ဟဲဟဲ။
ပြောင်းပေးမယ်ဆိုရင် လက်တို့လိုက်နော်။
March 16th, 2008 at 7:49 pm
@MyMetro- ဟုတ်ကဲ့ ကိုမီထရိုကြီး လက်တို့လိုက်ပါ့မယ်ခင်ဗျား။
March 18th, 2008 at 3:43 pm
လက်တို့ထားလားလို့ လာကြည့်တာ..
April 12th, 2008 at 11:58 am
ကို မှော်ဆရာ ရေ ကျွန်တော်က wordpress ကို အခုမှစလေ့လာဖြစ်တာပါ။

အကူအညီလိုရင် အားမနာတမ်းတောင်းမှနော်
April 26th, 2008 at 11:23 pm
@Anonymous - ကို Anonymous ရေ. တတ်နိုင်သလောက် ကူညီပေးသွားဖို့ အသင့်ပါပဲဗျာ။