Posted on 01 May 2008 by Mhaw Sayar
Brian Gardner ရဲ့ နာမည်ကျော် Revolution WordPress Theme တွေထဲက တစ်ခုကို အခု သင်ကိုယ်တိုင် Free Copy တစ်ခု ရယူသုံးစွဲနိုင်ပါပြီ။ Revolution Theme တွေရဲ့ ကျော်ကြားမှုနှင့် Brian ရဲ့ Wordpress Theme ဖန်တီးမှုမှာ ကျွမ်းကျင်သေသပ်လှပ မှုတို့ကတော့ အထူးပြောစရာမလိုအောင်ပါပဲ။ ယခု Free Copy အဖြစ် သုံးစွဲနိုင်အောင် ဖန်တီးပေးလိုက်တဲ့ Theme ဟာဆိုရင်လည်း အဲဒီ Theme မတိုင်ခင်ထွက်ရှိထားတဲ့ Justin Tadlock ရဲ့ Options Theme နဲ့ အပြိုင် Revolution Theme တွေရဲ့ အစဉ်အလာအတိုင်း သေသပ်လှပမှု၊ အရောင်များကို မျက်စိပဒါသဖြစ်အောင် ကစားထားမှု စတာတွေမှာ ဘာမှ ပြောစရာမလိုအောင် ပြည့်စုံကောင်းမွန်တာကို တွေ့ရမှာပါ။
ခန့်ခန့်ငြားငြားနဲ့ ကိုယ့်ဘလော့ဂ်ကို အလှဆင်ချင်သူတွေ အတွက် အောက်ပါ နေရာများမှာ Revolution Theme ကို အစမ်းကြည့်ရှု နိုင်သလို ကြိုက်နှစ်သက်ပါကလည်း တစ်ပါတည်း ဒေါင်းလုဒ်လုပ် အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း။
Demo | Download
Via: Hack WordPress
Popularity: 60% [?]
Posted on 24 February 2008 by Mhaw Sayar
ဝါ့ဒ်ပရက်စ် မှာ မဂ္ဂဇင်းစတိုင်လ် Themes တွေ လူကြိုက်များ၊ ပေါ်ပြူလာ ဖြစ်နေတာ အတော်ကြာပါပြီ။ ဘာ့ကြောင့် Magazine Style Wordpress Theme တွေ ဒီလောက် လူကြိုက်များနေရပါသလဲ။
အဖြေက ရှင်းပါတယ်။ ဒီနေ့ခေတ်၊ ဒီနေ့အချိန်ဟာ Multi Media ခေတ်ဖြစ်တာနဲ့ အညီ သတင်းသမားတွေ၊ မီဒီယာသမားတွေ ဟာ သတင်းမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ တစ်ချိန်ထဲ၊ တစ်ပြိုင်ထဲမှာ လူတွေဆီကို ပေးသွားနိုင်ဖို့ ကြိုးစားလာကြပါတယ်။
အဲဒီလို သတင်းမီဒီယာတွေကို ဖြန့်ဝေတဲ့နေရာမှာ ဒီနေ့အချိန်မှာ အင်တာနက် ဆိုတဲ့ ကွန်ယက်ဆက်သွယ်မှု လမ်းကြောင်းဟာ မရှိမဖြစ်၊ မပါမပြီး တဲ့ အခြေအနေရောက်နေတာ လူတိုင်းသတိထားမိကြမှာပါ။ အဲဒီလို မရှိမဖြစ်၊ မပါမပြီးဖြစ်နေပြီး လူအများစုနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ အင်တာနက်ပေါ်မှာ သတင်းရေးသားခြင်း ဆိုတဲ့အတတ်ပညာ ကို အိုင်တီနည်းပညာတွေနဲ့ ကျွမ်းကျင်လိမ္မာစွာ ပေါင်းစပ်တတ်ဖို့လိုအပ်လာပါတယ်။
လူအများစု စုပေါင်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာသော်လည်းကောင်း၊ လူတစ်ဦးချင်း ရေးသားအသုံးပြုနိုင်တဲ့ Weblog တွေမှာသော်လည်းကောင်း အဲဒီလိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်တာကတော့ အလွယ်တကူနဲ့ စွမ်းအားပြည့် အသုံးချနိုင်တဲ့ Wordpress Weblogging Platform နဲ့ သူ့ရဲ့မဂ္ဂဇင်းစတိုင်လ် (CMS Style) Theme တွေပဲဖြစ်ပါတယ်။ Wordpress Magazine Style Theme အများစုကို ကမ္ဘာ့မဟာသတင်းဆိုဒ် ကြီးတွေဖြစ်တဲ့ CNN ၊ NewYork Times တို့ရဲ့ Design တွေပေါ်မှာ အခြေခံပြီး ရေးဆွဲထားကြပါတယ်။
ဒီ Magazine Style Themes တွေကို ဘယ်သူစတင် ရေးသားလိုက်တယ် ဆိုတာကို ပြောဖို့ခက်ပေမယ့် အဲဒီအမျိုးအစား Themes တွေ ဘယ်လောက်လူကြိုက်များ၊ အောင်မြင်နေတယ်ဆိုတာ အောက်ပါ နေရာတွေကို သွားကြည့်လိုက်တာနဲ့ သိသာနိုင်မှာပါ။ အဲဒီနေရာတွေကို ရောက်ရှိ လေ့လာပြီးတဲ့ နောက် သင်ကိုယ်တိုင်လည်း WordPress Magazine Style Theme တွေကို ကြိုက်နှစ်သက်တတ်သူ တစ်ဦးဖြစ်လာမယ် ဆိုတာ ၉၀% သေချာသလောက်ပါပဲ။
1. Branford Magazine Theme

Demo | Download
2. Structure Theme

Demo | Download
3. The Morning After Theme

Demo | Download
4. Visionary Theme

Demo | Download
5. Mimbo Theme

Demo | Download
6. Jello Wala Mello Theme

Demo | Download
7. Forte Theme

Demo | Download
8. Massive New Theme

Demo | Download
9. Option Theme (The Newest & The Best)

Demo | Download
Popularity: 81% [?]