Tag Archive | "Howto"

Tags: , , ,

Before Wordpress 2.5 coming out?

Posted on 09 March 2008 by Mhaw Sayar

Update: Weblogtools Collection နှင့် BlogHearld တို့မှာ ရေးသားချက်များအရ WordPress 2.5 ဖြန့်ချီမည့် ရက်စွဲကို ၁-ပတ်ခန့် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ WordPress DevBlog မှ သတင်းများအရ WP 2.5 ရဲ့ Admin Panel ပိုင်း ကို ပိုမိုကောင်းမွန်တဲ့ User Interface များရရှိစေရေး နှင့် Style ပိုင်း ဆိုင်ရာ အချောသတ်မှုများ ဆောင်ရွက်နေတဲ့ အတွက် နှောင့်နှေးနေရခြင်း ဖြစ်ပါတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် WP အသုံးပြုသူများ အတွက်ကောင်းသော နှောင့်နှေးခြင်းသာဖြစ်တဲ့ အတွက် မပြည့်မစုံနဲ့ ထွက်လာခြင်းထက်၊ ပြီးပြည့်စုံတဲ့ အနေအထားနဲ့ ထွက်လာခြင်းကသာ ပိုမိုကောင်းမွန်ပါသည် ဟုထင်မြင်ယူဆရပါကြောင်း။

2.4 ကိုကျော် 2.5 ထွက်

2.4 Skipped, 2.5 Out!၀ါ့ဒ်ပရက်စ် ရဲ့ အထင်ကရ မှတ်တိုင်တစ်ခုဖြစ်လာမယ့် WordPress Version 2.5မနက်ဖြန် မှာ ထွက်ရှိလာပါလိမ့်မယ်။ မူလက WordPress 2.3 ပြီးနောက် 2.4 ဆိုပြီး အစဉ်အတိုင်းလာရမှာ ဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် 2.4 ဆိုတဲ့ အဆင့် ကိုကျော်ပြီး 2.5 ကို ဦးတည်ခဲ့တာဖြစ်ပါတယ်။

Milestone 2.5 ရဲ့ Release Date ကတော့ WordPress.Org နှင့် Trac မှာ ကြေညာချက်အရ မနက်ဖြန် (မတ်လ၊ ၁၀ ရက် ၊၂၀၀၈) ဆိုတာ သိရှိရပါတယ်။ ယခုတစ်ခေါက် ဗားရှင်း WordPress ကတော့ Milestone ဗားရှင်းတစ်ခုဖြစ်တာနဲ့ အညီ ယခင်ဗားရှင်းတွေနဲ့ မတူကွာခြားချက်တွေ၊ အံ့မခန်း စွမ်းဆောင်ရည်တွေ ပါလာမှာ ဖြစ်တဲ့ အပြင် ပိုပြီးလည်း CMS(Content Management System) ဆန်လာပါလိမ့်မယ်။ ဗားရှင်း 2.5 ရဲ့ အကြိုလို့ပြောလို့ရတဲ့ ဗားရှင်း 2.4 ရဲ့ Admin Panel Preview ကို ဒီနေရာ မှာ ကြည့်လို့ရသလို၊ WordPress 2.5 ရဲ့ Admin Panel Preview ကို ဒီနေရာ မှာသွားရောက် ကြည့်ရှုနိုင်ပါတယ်။ ၂.၅ Admin Panel ရဲ့ Screen Shoot တွေကိုတော့ ဒီဆိုဒ်မှာ ရှင်းလင်းချက်တွေနဲ့ တကွ ဖော်ပြထားတာကို တွေ့ရှိရမှာပါ။

ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ?

What we need to prepare?အဲဒီတော့ WordPress 2.5 မထွက်လာခင် WordPress User တွေဖြစ်တဲ့၊ ကျွန်တော်တို့ အနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်မှု လုပ်ထားသင့်သလဲ။ အသစ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ အသစ်ဆိုတဲ့ အရာတစ်ခုနဲ့တော့ တွေ့ကြုံရင်ဆိုင်ရမှာ အသေအချာဖြစ်တာနဲ့ အညီ အဲဒီအသစ်သော အရာတစ်ခုအကြောင်းကို လတ်တလော အသုံး မပြုသေးလျင်တောင်မှ သိရှိနားလည်အောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

မည်သူမဆိုလည်း လက်ရှိဗားရှင်း အဟောင်းကို နှစ်သက်မှု ကျဆင်းလာတဲ့ အခါ ဗားရှင်း အသစ်ဖြစ်တဲ့ ၂.၅ ကို ပြောင်းလဲ အသုံးပြုချင်လာကြမှာပါ။ WordPress ကလည်း သူ့ရဲ့ အထင်ကရမှတ်တိုင်တစ်ခု ဖြစ်လာမဲ့ ၂.၅ ကို User Friendly ဖြစ်မှု၊ ပိုမို Powerful ဖြစ်မှု စတာတွေကို ထည့်သွင်း ပြုလုပ်ထားမှာ အသေအချာ ဖြစ်တဲ့ အတွက် WordPress User တွေ အနေနဲ့ တစ်ချိန်ချိန်မှာတော့ ဒီဗားရှင်း ကိုမသုံးမဖြစ်သုံးရတဲ့ အခြေ အနေမျိုး ဆိုက်ရောက်လာဦးမှာပါပဲ။

ဒါတွေ ကြိုသိထားဖို့လို

Need to know these facts!၁။ သင့်တော်မှုရှိခြင်းကို စစ်ဆေးပါ - အောက်ပါနေရာများကို သွားရောက်ပြီး ဘယ် Plugin၊ ဘယ် Theme တွေကတော့ဖြင့် လက်ရှိဗားရှင်း ၂.၅ နှင့် ကိုက်ညီမှု ရှိသလဲဆိုတာကို တိုက်ဆိုင် စစ်ဆေးရပါမယ်။

အကယ်၍ မိမိအသုံးပြုနေတဲ့ Plugin သို့မဟုတ် Theme ဟာ အခြားပြင်ပ တစ်နေရာရာက ဖြစ်မယ်ဆိုရင်လည်း အဆိုပါ Theme သို့ Plugin ရေးသားသူရဲ့ Offical Web စာမျက်နှာမှာ ၎င်းနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများကို သွားရောက် ဖတ်ရှုဖို့လိုပါမယ်။

၂။ Theme နှင့် Plugin များကို Update လုပ်ပါ - ဒီနေရာ ကဆောင်းပါးကို သွားရောက်ဖတ်ရှုပြီး ခင်ဗျားရဲ့ WordPress Theme နှင့် Plugin တွေကို ဘယ်လို Update လုပ်မလဲဆိုတဲ့ အကြံအစည်မျိုး ထပ်ဆင့် တွေးတော ကြံစည်ပြီး ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်လို့ ရပါတယ်။

၃။ ငါးကြင်းဆီဖြင့်ငါးကြင်းကြော်ခြင်း- WordPress Plugin တစ်ခုရဲ့ အကူအညီ ကို ယူပြီးတော့လည်း မိမိရဲ့ လက်ရှိ WP Blog မှာ အသုံးချထားတဲ့ Plugin နှင့် Theme တွေဟာ နောက်ထွက်လာတဲ့ WordPress Version နဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို စစ်ဆေးလို့ရပါသေးတယ်။ (လောလောဆယ်တော့ Wp 2.3 ကို Upgrade လုပ်ဖို့ သင့်တော်၊ မတော်ဆိုတာပဲ စစ်ဆေးပေးမယ့် Plugin ရှိပါသေးတယ်။ So, please stay on update on this topic! မကြာခင် ၂.၅ ကို Compatibility ဖြစ်မဖြစ် စစ်ဆေးပေးနိုင်မယ့် Plugin ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။)

၎။ မလိုတာတွေရှင်း- လက်ရှိမိမိဘလော့ဂ်ထဲမှာ အသုံးမပြုဖြစ်ပဲ Install လုပ်ထားပြီး၊ Deactivate လုပ်ထားတဲ့ Plugin တွေနဲ့ Theme တွေရှိပါလိမ့်မယ်။ အသုံးပြုနေတဲ့ ထဲကလည်း မရှိမဖြစ်ကို အသုံးချရမယ့် Plugin တစ်ချို့ကလွဲရင် ရှင်းလင်းရေးလုပ်မယ့် စာရင်းထဲကို အားလုံးပို့ပါ။ ပြီးတာနဲ့ အဲဒီရှင်းလင်းရေး စာရင်းပါ plugin အားလုံးနဲ့ Theme အားလုံးကို မိမိရဲ့ Server ပေါ်မှပါ တစ်ခါတည်း ဖျက်ထုတ်ပါ။ အခုဖြစ်မှနောင်ရှင်းဆိုသလို အကယ်၍ မိမိ WP V.2.5 ကို Upgrade လုပ်တဲ့ အခါ အနှောင့် အယှက်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်စေဖို့ဖြစ်ပါတယ်။

သုံးမယ့် Plugin တွေ ကတော့ အပေါ်မှာ ပြောထားသလိုပဲ သက်ဆိုင်ရာနေရာကိုသွားပြီး ရှာဖွေဖတ်ရှုလို့ Upgrade လုပ်ထားဖို့လိုပါမယ်။ ပြီးတော့ အဲဒီ Plugin စာရင်းကိုလည်း မှတ်မှတ်သားသားနဲ့ Print ထုတ်ထားဖို့ဖြစ်ဖြစ်၊ Notepad တစ်ခုခုနဲ့ ဖြစ်ဖြစ် ပြုစုပြီး မှတ်သားထားဖို့လည်း မမေ့ပါနှင့်ဦး။

၅။ စံနှုန်းကိုက်ပါ- တစ်ကယ်လို့ သင်ဟာ လက်ရှိအသုံးပြုနေတဲ့ WordPress Theme ကို လိုတိုးပိုလျော့ နှင့် မိမိစိတ်ကြိုက်ပြင်ဆင်မှုများ ပြုလုပ်ထားတယ်ဆိုရင်တော့ မိမိ ဖြည့်စွက်၊ နှုတ်ပယ် လုပ်ထားတဲ့ Code တွေကို စံနှုန်းကိုက်မကိုက် ဒီနေရာက ဆောင်းပါးတွေ ကိုဖတ်ပြီး ပြန်လည်စစ်ဆေးဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ Famous WordPress Blogger ကြီး Lorelle ကလည်း အားလုံးမှန်ကန်ကြောင်း အဆင့်ဆင့် စစ်ဆေးရန် ဆိုပြီး စာရင်းတစ်ခုပြုလုပ်ထားတာ ရှိပါသေးတယ်။ ထိုစာရင်း အကူအညီမှ တဆင့်လည်း မိမိ ကုဒ်တွေ စံနှုန်းကိုက် မကိုက် စစ်ဆေးနိုင်ပါကြောင်း။

Backup!၆။ အားလုံးကို ဘက်ကပ်လုပ်ပါ- ဘယ်အမျိုးအစား WordPress ပဲ ထွက်လာထွက်လာ၊ ဘယ်အခါပဲ Upgrade လုပ်လုပ် ဒီအဆင့်ကတော့ မပါမဖြစ်ကို ပါရမယ့် အဆင့်ပါပဲ။ လုံခြုံမှုရှိဖို့ အခြေအနေတစ်ရပ် ဆိုတာ အမြဲလိုအပ်ပါတယ်။ အဲဒီအတွက် သင့် ၀ဘ်ဆိုဒ်နဲ့ ပတ်သက်သမျှအားလုံးကို Datebase အစ၊ Themes များ အလယ် Plugins နှင့် ပို့စ်များ အဆုံး အားလုံးကို Backup လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်။

၇။ သတင်းစုဆောင်း- အထက်ပါ အဆင့်များ အားလုံးပြီးပြီဆိုတာနဲ့ ၂.၅ Upgrade နဲ့ပတ်သက်သမျှ သတင်းတွေကို Google ကြည့်ပါ။ သူများတွေဘာတွေလုပ်လို့၊ ဘာတွေမှားခဲ့ကြသလဲ၊ သူတို့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပါ။ ကိုယ့်အလှည့်မှာ အမှားအနည်းဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ အခွင့်အရေးရရှိစေပါလိမ့်မယ်။ အခြေခံသီအိုရီတွေ အနေနဲ့ အောက်ပါ နေရာများမှာ WordPress Upgrade လုပ်ခြင်း Installation လုပ်ခြင်း ဆိုင်ရာ သီအိုရီများ စသည်တို့ကို လေ့လာဖတ်ရှုနိုင်ပါတယ်။

၈။ မမေ့အပ်သောနေရာ- နောက်ဆုံး အနေနဲ့ မမေ့အပ်သော၊ ကိုးကားဖွယ်၊ လေ့လာဖွယ်၊ မှတ်သားဖွယ်၊ အသုံးချဖွယ် နေရာတစ်ခုကတော့ ဒီနေရာ ပါပဲ။ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး ဘယ်နေရာမှ မသွားနိုင်ရင်တောင် ဒီနေရာ ကိုသွားဖြစ်အောင်သွားလို့ သိလိုရာကို တထိုင်တည်း ရှာဖွေဖတ်ရှုဖို့ အကြံပေးလိုပါတယ်။

ပိုမိုသိရှိလေ့လာလိုသူတွေအနေနဲ့ကတော့ အောက်ပါနေရာများမှာ ဆက်လက် လေ့လာ သင်ယူဖို့ ပြောပါရစေ။

မှီငြမ်းကိုးကား စာရင်း

Popularity: 100% [?]

Comments (2)

Tags: , , ,

Search Engine Optimization

Posted on 05 March 2008 by Mhaw Sayar


Internet Marketing - Search Engine Optimization - Google
ဗဟုသုတဖြစ်ဖွယ်ရာ၊ လက်တွေ့ အသုံးချဖွယ်ရာ Search Engine Optimization အကြောင်းတစ်ခု ဖြစ်ပါတယ်။

Popularity: 70% [?]

Comments (0)

Tags: , ,

How to Upgrade WP

Posted on 05 March 2008 by Mhaw Sayar

WordPress Blog တစ်ခုကို ဘယ်လို Upgrade လုပ်ရမယ်ဆိုတာကို ရှင်းလင်းတင်ပြထားပါတယ်။

Popularity: 70% [?]

Comments (0)

Tags: , , ,

Step-by-Step Tutorial

Posted on 05 March 2008 by Mhaw Sayar

Step-by-Step Tutorial on How to Blog at WordPress.Com

ဝါ့ဒ်ပရက်စ် ဒေါ့ ကွန်း မှာ ဘလော့ဂ်လုပ်မယ်ဆိုရင် ဒီဗီဒီယိုကို အရင်ကြည့်ရှုသင့်ပါတယ်။ Continue Reading

Popularity: 66% [?]

Comments (8)

Tags: ,

Plugins အကြောင်း သိကောင်း စရာ

Posted on 05 March 2008 by Mhaw Sayar

WordPress မှာ Plugin တွေရဲ့ ကဏ္ဍက အတော် အရေးပါပါတယ်။ တနည်းပြောရရင် WordPress ရဲ့ Powerful ဖြစ်မှုမှာ Plugin တွေရဲ့ စွမ်းဆောင်မှု က ၅၀% လောက်ပါတယ်လို့ ပြောလို့ရသလို၊ အဲဒီလို Plugin တွေကို အလွယ်တစ်ကူနဲ့ အစွမ်းကုန် အသုံးပြုလို့ရအောင် အခြေခံ အဆောက်အအုံကို တည်ဆောက်ပေးထားတဲ့ အတွက်လည်း WordPress ဟာ ပိုမို Powerful ဖြစ်သွားခြင်း လို့ပြောလို့ရပါတယ်။

Plugin ဆိုတာဘာလဲ

Plugin ဆိုတာ တပ်ဆင်စရာ အပိုဆောင်းပစ္စည်း လို့အလွယ်တစ်ကူပဲ ဘာသာပြန်လို့ရမှာပါ။ အပြင်လောကမှာ လျပ်စစ်ပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရသလို ကျွန်တော်တို့ WordPress မှာလည်း ကိုယ်သုံးချင်တဲ့ နေရာတစ်ခု၊ ကဏ္ဍတစ်ခုအတွက် အဲဒီကဏ္ဍကို ထောက်ပံ့ပေးနိုင်တဲ့ Plugin တွေကို အလွယ်တစ်ကူထည့်သွင်း အသုံးပြုလို့ရပါတယ်။ ဥပမာအားဖြင့် သာမန် ၀ဘ်ပေ့ခ်ျတွေမှာ YouTube မှဖြစ်စေ၊ မိမိရဲ့ ဆာဗာတွင် တင်ထားသော ဗီဒီယိုဖိုင်ကို ဖြစ်စေ ထည့်သွင်းပြသချင်တယ် ဆိုရင် အဲဒီ ဗီဒီယိုပလေယာ အတွက် ဇယားတစ်ခု (သို့) နေရာတစ်ခုကို သတ်မှတ်ပေးဖို့ ကိုယ်တိုင် Code တွေကို ရေးသားထည့်သွင်းရပါတယ်။ WordPress မှာတော့ အဲဒီလို အချိန်ကုန်ခံပြီး ကိုယ်တိုင်ရေးပေးနေစရာ မလိုပါဘူး။ YouTube Plugin ဆိုတဲ့ WordPress Plugin လေးတစ်ခုကို ထည့်သွင်းလိုက်ရုံနဲ့ YouTube သို့ ကြိုက်နှစ်သက်ရာ Entertainment ဆိုဒ်တစ်ခုက ဗီဒီယိုဖိုင်တွေကို အလွယ်တစ်ကူ ရယူအသုံးပြုလို့ရစေပါတယ်။

Plugin ကို ဘယ်လိုသုံး

ကိုယ်ပိုင် Hosting မှာ တင်ပြီး အသုံးပြုနေတဲ့ WordPress မှာ Plugin တစ်ခုကို အသုံးပြုမယ်ဆိုရင် ပထမဆုံးလိုတာကတော့ မိမိအသုံးပြုမယ့် Plugin File ထုပ်ပါပဲ။ Plugin File ထုပ်တွေဟာ များသောအားဖြင့် ဇစ်(.zip) ဖိုင်အမျိုးအစားဖြင့် တင်ပေးထားကြတာများပါတယ်။ ၎င်း Plugin zip File ထုပ်တွေမှာ အချို့ဟာ ဇစ်ဖိုင်ထုပ်ကို ဖြေပြီးမှ အသုံးပြုရတာရှိသလို၊ အချို့ကကျတော့လည်း (မိမိရဲ့ Hosting Web Interface File Manager ကနေ တဆင့် အသုံးပြုမယ်ဆိုရင်) ဇစ်ဖိုင်ကို ဖြေဖို့မလိုတာတွေလည်း ရှိပါတယ်။ အကြံပေးချင်တာကတော့ ဘယ် Plugin File ထုပ်ကို မဆို ဇစ်ဖိုင်ကို ဖြေပြီးမှ အသုံးပြုဖို့ပါပဲ။ ဇစ်ဖိုင်ကို ဖြေပြီး အသုံးပြုခြင်းအားဖြင့် ဇစ်ဖိုင်ထဲမှာ ပါတဲ့ Plugin Author ရဲ့ ညွန်ကြားချက်ကို အလွယ်တစ်ကူသိရှိနိုင်သလို၊ မလိုလားအပ်တဲ့ အခြားသော ဖိုင်အမျိုးအစားတွေ မိမိ Website Server ပေါ်ကို ရောက်ရှိခြင်းမှ ကာကွယ်ပြီးဖြစ်လို့၊ မလိုအပ်ပဲ Webspace ပြုန်းတီးမှုမဖြစ်စေခြင်း၊ မိမိဝဘ်ဆိုဒ်ရဲ့ လုံခြုံရေးကို ထပ်ဆင့်ကာကွယ်ပြီး ဖြစ်စေခြင်း စတဲ့ အကျိုးကျေးဇူးများ ကိုခံစားရရှိစေမှာ ဖြစ်ပါတယ်။

အသုံးပြုနည်းလမ်းညွှန်

မိမိအသုံးပြုမယ့် Plugin File ထုပ်ကို ဇစ်ဖိုင်ဖြေပြီးပြီဆိုတာနဲ့ Plugin file ထုပ်ထဲမှာ (သို့မဟုတ်) Plugin ရဲ့ Download Page မှာ Plugin အသုံးပြုနည်းလမ်းညွှန်ကို ဖတ်ရှုရပါမယ်။ Plugin ရေးသားသူရဲ့ ညွှန်ကြားချက်အတိုင်း မိမိ ရဲ့ Hosting Server ပေါ်ကို တင်ဖို့လိုမယ့် ဖိုင်အမျိုးအစားများကို ရွေးချယ်ပါ။ ပြီးလျင် အောက်ပါ လိပ်စာပုံစံ အတိုင်း (သာမန်၊ ပုံမှန်အားဖြင့် ပုံစံ) ထို Plugin ကို မိမိရဲ့ WordPress Folder ထဲရှိ plugins ဆိုသော ဖိုင်ခွဲတစ်ခု(Sub Folder) ထဲတွင် နေရာတကျ ထည့်ပေးရပါမယ်။

http://yourname.com/wp-content/plugins

Plugin File ကို အထက်ပါ ပုံအတိုင်းထည့်သွင်းပြီးပြီဆိုတာနဲ့ ထို Plugin ကို Activate လုပ်ရန် အတွက် မိမိရဲ့ WordPress Admin Panel ကိုဝင်ရောက်ရပါမယ်။ ၀ါဒ်ပရက်စ် မူလထိန်းချုပ်ခန်း ကိုရောက်ပြီ ဆိုလျင် အောက်ပါအတိုင်း Panel ကိုမြင်ရမှာ ဖြစ်ပါတယ်။ Navigation Menu Bar ပေါ်မှ Plugins ဆိုသော Menu Tab ကိုရွေးချယ်ကလစ်ပါ။ အောက်ပါအတိုင်းမြင်တွေ့ရပါမယ်။

Plugins

ထက်ပါပုံအတိုင်း ၎င်းစာမျက်နှာကို ရောက်ပြီဆိုပါက မိမိ တင်ထားခဲ့သော Plugin ကို နာမည်နှင့် တစ်ကွ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Activate လုပ်မည်ဆိုပါက ညာဘက်အစွန်ရှိ Activate ဆိုသော စာကြောင်းအား ကလစ်လိုက်ရုံသာဖြစ်ပါတယ်။ (အထက်ပါပုံမှာတော့ အားလုံးဟာ Activate လုပ်ပြီးသား ဖြစ်တဲ့ အတွက် Deactivate လို့ပြနေတာဖြစ်ပါတယ်။) မိမိအသုံးမလိုတော့ တဲ့ plugin တစ်ခုကို Deactivate လုပ်ချင်ရင်လည်း အထက်ပါ အတိုင်း Deactivate ဆိုသည်ကိုသာ ကလစ်လိုက်ရန် လိုပါတယ်။

ခြွင်းချက်အနေနဲ့ အချို့သော plugin တွေကို Activate လုပ်ရာမှာ အထက်ပါ Admin Panel ထဲရှိ Plugin ကို Activate လုပ်သော Button ကို နှိပ်ရုံဖြင့် Activate ဖြစ်မည်၊ Plugin အလုပ်လုပ်မည် မဟုတ်ပဲ လိုအပ်သော ကုဒ်အနည်းငယ်ကိုပါ မိမိရဲ့ အချို့သော Template စာမျက်နှာများပါ ထည့်သွင်းပေးဖို့လိုအပ်ပါမယ်။ ဥပမာအားဖြင့် - Popularity ContestShare This ကဲ့သို့သော Plugin များ။ အဆိုပါ Plugin များကဲ့သို့ အပိုဆောင်း လိုအပ်ချက်ကုဒ်များ ထည့်သွင်းရန် လိုအပ်မှု ရှိမရှိကို သိရှိနိုင်ရန်အတွက် Plugin Author ရဲ့ ညွှန်ကြားချက်စာမျက်နှာကို သေချာစွာဖတ်ရှုရန် လိုအပ်ပါမယ်။

ဤနေရာမှာပဲ WordPress Plugis များအကြောင်းနှင့်တကွ အသုံးပြုနည်းလမ်းညွှန် ဆောင်းပါးပြီးဆုံးပါပြီ။ Plugin များအကြောင်း ပိုမိုသိရှိနားလည်ရန်၊ ရယူအသုံးချရန်တို့အတွက် အောက်ပါနေရာများကို ထပ်ဆင့် ရည်ညွှန်းလိုပါတယ်။

ရည်ညွှန်းကိုးကားဆိုဒ်များ

 

Popularity: 48% [?]

Comments (0)

Advertise Here

Photos from our Flickr stream

Firefox - Fire Wallpaper

Axis

4CLY

Arka Fonlar By Bebeto-m (131)

Arka Fonlar By Bebeto-m (130)

Arka Fonlar By Bebeto-m (128)

Arka Fonlar By Bebeto-m (129)

Arka Fonlar By Bebeto-m (127)

See all photos

Advertise Here