Tag Archive | "wordpress"

Tags: , , , ,

Another Great News for WordPress Community (WordPress 2.6 Released)

Posted on 15 July 2008 by Mhaw Sayar

အားလုံး သိတော်မူကြတဲ့ အတိုင်းပဲ WordPress 2.6 Stable Version ထွက်ရှိလာပါပြီ။ ဒီတစ်ခေါက် WordPress 2.6 ကို Philadelphia က အမေရိကန် လူမည်း Jazz တေးဂီတ ပညာရှင် တစ်ဦးဖြစ်သူ McCoy Tyner ကို ဂုဏ်ပြုလျက် Code Name ကို “Tyner” ဟု  ပေးထားကြောင်း သိရပါတယ်။ WordPress User တိုင်းရဲ့ Admin Dashboard မှာဆိုရင်လည်း WordPress 2.6 is available! Please update now. ဆိုတာလေးကို သတိထားမိသူတိုင်း မြင်တွေ့မိကြမှာပါ။

အောက်ပါ ဗီဒီယိုဖိုင်လေးကတော့ ယခုတစ်ခေါက် အသစ်စက်စက် ဗားရှင်းဖြစ်တဲ့ WordPress 2.6 ရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ Overview ရှင်းလင်းချက် ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

WordPress 2.6 ၏ အဓိက ပြုပြင်ပြောင်းလဲ ထားမှုများ

၁။ အဘိဓာန် (Wiki) ပုံစံ ပို့စ် များကို တည်းဖြတ်ခြင်း - ဒီ Feature အသစ်ကို အသုံးပြုပြီး WordPress Blog တစ်ခုမှာ ပါဝင်ရေးသား နေကြသူများ အနေနဲ့ ယခင်တစ်ယောက် ရေးပြီးသား ပို့စ်ကို၊ နောက်တစ်ဦးမှ ပြင်ဆင် တည်းဖြတ်ခြင်းများ လုပ်တဲ့ အခါ ဘာတွေ၊ ပြင်သွားတယ်၊ ဘယ်စကားလုံး တွေကို တော့ ထပ်ထည့်သွားတယ် စသဖြင့် သိရှိ နိုင်ပါမယ်။ (ကျွန်တော်တို့ ယခင်က စာပုံနှိပ်တိုက်တွေမှာ စာစီဆရာ၊ စာပြင်သမား၊ ပရုဖတ်သူ၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်. စသဖြင့် စာတစ်ပုဒ်ကို အဆင့်ဆင့် အမှားရှာပြီး အကောင်းဆုံး ကို ရယူ ပြုပြင်နိုင်ပုံမျိုး နဲ့ အလားသဏ္ဍာန်တူ ပါတယ်။)  အကယ်၍ နောက်ဆုံး ပြင်ဆင် တည်းဖြတ်သူမှ ပထမဆုံး ရေးသားသူရဲ့ မူရင်း ဆောင်းပါးကို ပြန်လည်သိုမှီးမှု (Restore) လုပ်ချင်တယ် ဆိုရင်လည်း လုပ်နိုင်တဲ့ အခွင့်အရေး တွေကို ပါ Wikipedia မှာကဲ့ သို့ တစ်ပါတည်း ရရှိစေပါမယ်။

Wiki Style Post Revision in WordPress 2.6

၂။ Press This! - ၀ဘ်ဘရောက်ဇာ၏  မည်သည့်နေရာမှ မဆို မိမိဘလော့ဂ် သို့ ပို့စ် တင်နိုင်ခြင်း - ဒီ Feature လေးရဲ့ သဘော သဘာဝကို Tumblr, Facebook နှင့် Delicious စတဲ့ Mini Blogging လို့ ခေါ်နိုင်တဲ့ Web 2.0 စတိုင်လ် Sharing ဆိုဒ် တွေကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။ အလွယ်ကူဆုံး ဥပမာပေးရမယ် ဆိုရင် မြန်မာတွေနဲ့ အတော်များများ အကျွမ်းတ၀င် ရှိတဲ့ Delicious နဲ့ ဥပမာ ပေးရပါလိမ့်မယ်။ ကျွန်တော်တို့ Delicious ကို အသုံးပြုတဲ့ အခါ ကိုယ် ကြိုက်တဲ့ Web Page တွေ တွေ့ရင် ကိုယ့် ဘရောက်ဇာကနေ တစ်ခါတည်း Delicious Website မှာ Bookmark လုပ်နိုင်ဖို့ အတွက် Browser ထဲ ထည့်သွင်း ထားလို့ ရတဲ့ Delicious Plugin လေးရှိပါတယ်။ အဲဒီ Plugin လေးကို Install လုပ်ပြီးသကာလမှာ မိမိ ဘယ်ဝဘ်ဆိုဒ်ကိုပဲ ရောက်ရောက် ဘရောက်ဇာရဲ့ Address Bar ဘေးမှာ ပေါ်နေတဲ့ Delicious Button လေးကို နှိပ်လိုက်တယ် ဆိုရင်ပဲ အဲဒီ ဆိုဒ်ကို မိမိကြိုက် နှစ်သက်ရာ မှတ်ချက်တစ်ခုခုနှင့် ရေးသားမှတ်သားပြီး Delicious Website ထဲသို့  မိမိကြိုက်ရာ ကဏ္ဍမှာ ခွဲခြား မှတ်သား သိမ်းဆည်း ထား နိုင်ပါပြီ။

အခု WordPress 2.6 မှာလည်း Press This! ရဲ့ သဘော သဘာဝက အထက်ပါ အတိုင်းပါပဲ။ Admin Panel ရဲ့ Writing Page အောက်ဆုံးမှာ ရှိတဲ့ Press This! Button လေးကို မိမိရဲ့ ဘရောက်ဇာ Bookmark Bar သို့မဟုတ် Address Bar ရဲ့ လွတ်တဲ့ နေရာ တစ်ခုခုမှာ Drag & Drop လုပ်ပြီး ဆွဲထည့်ထားလိုက်တာနဲ့ မိမိဘယ်နေရာပဲ၊ ဘယ်ဝဘ်ဆိုဒ် ကိုပဲ ရောက်နေပါစေ. ဘရောက်ဇာ မှာရှိတဲ့ Press This! Button လေးကို နှိပ်လိုက်ရုံနဲ့ ပို့စ် အသစ်တင်နိုင်တဲ့ Admin Panel Wirting Interface ကို မိမိ နောက်ဆုံးရောက်ရှိခဲ့ တဲ့ Web စာမျက်နှာက သတင်းအချက်အလက် တွေပါ ယူဆောင်လျက် တစ်ပါတည်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

၃။ ရွှေ့ပြောင်း ဂီယာဖြင့် သင့် WP Blog အား မြန်နှုန်းမြှင့်ခြင်း - ဒါကတော့ ယခင်တစ်လောက ပဲ WordPress.Com မှာ Google Gearထည့်သွင်းခဲ့တဲ့ WordPress ရဲ့ နောက်ဆုံးပေါ် Special Feature တစ်ခုဖြစ်ပါတယ်။ အမှန်တော့ Turbo Gear ဆိုတာ Google က ကမကထ လုပ်ပြီး တည်ထောင်ထားတဲ့ Browser Extension Opensource Project တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ အကြမ်းဖျင်း သဘော သဘာဝ ကတော့ အင်တာနက် နှင့် ဘရောက်ဇာ အသုံးပြုပြီး Webpage များကို ကြည့်ရှု နေသူတိုင်း အတွက် လိုအပ်တဲ့ Data တွေ၊ ရုပ်သံ ဖိုင်တွေကို အဲဒီ Webpage ကို ဖွင့်တိုင်း မိမိကြည့်ရှုတဲ့ Web Server ကနေတဆင့် ဒေါင်းလုဒ် လုပ်လုပ်နေရတဲ့ ဒုက္ခက ကင်းဝေး စေဖို့၊ မိမိစက်အတွင်းမှာ Local Server တစ်ခု တည်ဆောက်ပေးပြီး Data တစ်ခုကို Webpage တစ်ခု ဖွင့်တိုင်း ထပ်ခါတစ်လဲလဲ ဒေါင်းလုဒ် လုပ်ရခြင်းမှ ကင်းဝေးစေကာ User အတွက် မလိုအပ်တဲ့ Traffic ပြန်းတီးမှု မှသက်သာစေပြီး Webserver များကိုလည်း Bandwidth ပြုန်းတီးမှု မှသက်သာ စေဖို့ ဖြစ်ပါတယ်။

ယခု WordPress 2.6 မှာ Gear Support လုပ်လိုက်ပြီ ဖြစ်တဲ့ အတွက် WP Blog ပိုင်ရှင်တွေ အနေနဲ့ မိမိရဲ့ စာရှုသူတွေကိုရော၊ မိမိကိုယ်တိုင်ပါ Google Gear ကို မိမိရဲ့ ၀ဘ်ဘရောက်ဇာအတွင်း အင်စတောလ် လုပ်ထားခြင်း ဖြင့် ဘလော့ဂ် တစ်ခုအတွက် ဘုံအသုံးပြုနေကြ ဖြစ်တဲ့ CSS file, Java Script File များကဲ့သို့သော Common Data များကို မိမိရဲ့ Local Server အတွင်း ထည့်သွင်း သိမ်းဆည်းထားပြီး သကာလ ရေးသူရော၊ ဖတ်သူ အတွက်ပါ WordPress Blog များရဲ့ အမြန်နှုန်း တိုးတက်လာမှာ ဖြစ်ကြောင်း သိစေအပ်ပါတယ်ခင်ဗျာ။

၎။ မိမိအသုံးပြုလိုတဲ့ Theme ကို ကြိုတင်ကြည့်ရှုနိုင်ခြင်း - အပေါ်က ဗီဒီယိုဖိုင် ကို ကြည့်ပြီးသား ဆိုရင်တော့ ဒါ ထပ်မံရှင်းပြဖို့ မလိုအပ်တော့တဲ့ အကြောင်းအရာ တစ်ခုပါ။ ;) သိရှိပြီး ဖြစ်တဲ့ အတိုင်း ယခင် ကျွန်တော်တို့ WordPress Blog တွေမှာ Install လုပ်ထားတဲ့ Theme တွေကို ၂-လက်မ ပတ်လည် Thumbnail ပုံလေးလောက်ပဲ မြင်တွေ့ကြည့်ရှုနိုင်ပြီး အသုံးပြုဖို့ သင့်မသင့် ဆုံးဖြတ်ခဲ့ကြရတာပါ။ အခုတော့ ခင်ဗျားရဲ့ WP Admin Panel ထဲ Install လုပ်ထားတဲ့ ဘယ် Theme မဆိုကို စာမျက်နှာ ပြည့် Preview ၊ ရှင်းလင်းစွာ ကြည့်ရှု လို့ ခင်ဗျား ကြိုက်မကြိုက် တိကျစွာ ဆုံးဖြတ်နိုင်ပါပြီ။

အထက်ပါ ဖော်ပြချက်တွေကတော့ WordPress 2.6 ရဲ့ အဓိက ပြုပြင် ပြောင်းလဲထားမှု များဖြစ်ပြီး အောက်ပါ တို့ကတော့ Wordpress 2.6 ရဲ့ ကျန်တဲ့ Smaller New Features တွေ ဖြစ်ကြပါတယ်တဲ့။

  • Word count! Never guess how many words are in your post anymore.
  • Image captions, so you can add sweet captions like Political Ticker does under your images.
  • Bulk management of plugins.
  • A completely revamped image control to allow for easier inserting, floating, and resizing. It’s now fully integrated with the WYSIWYG.
  • Drag-and-drop reordering of Galleries.
  • Plugin update notification bubble.
  • Customizable default avatars.
  • You can now upload media when in full-screen mode.
  • Remote publishing via XML-RPC and APP is now secure (off) by default, but you can turn it on easily through the options screen.
  • Full SSL support in the core, and the ability to force SSL for security.
  • You can now have many thousands of pages or categories with no interface issues.
  • Ability to move your wp-config file and wp-content directories to a custom location, for “clean” SVN checkouts.
  • Select a range of checkboxes with “shift-click.”
  • You can toggle between the Flash uploader and the classic one.
  • A number of proactive security enhancements, including cookies and database interactions.
  • Stronger better faster versions of TinyMCE, jQuery, and jQuery UI.

WordPress.Org အနေနဲ့ ကတော့ WP 2.5 အသုံးပြုသူတွေ ကို အဓိကပြုပြင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်ထားတဲ့ ဒီ ဗားရှင်း အသစ် WordPress 2.6 ကို Upgrade လုပ်ကြဖို့ကို အလေးအနက် တိုက်တွန်းထားပါတယ်။

နောက်ပြီး WordPress 2.5 ကနေ WordPress 2.6 ကို Upgrade လုပ်မယ် ဆိုရင် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ အောက်ပါနေရာတွေမှာ အဆင်သင့်ရှိပြီး သားဖြစ်ပါတယ်။

WordPress 2.6 ကို Upgrade လုပ်မယ် ဆိုရင် ဒီအချက်အလက်တွေကို ကြိုတင်စဉ်းစား ဆောင်ရွက်ထားပါ

၁။ သတင်းစုဆောင်း - ဘာတွေ လိုအပ်သလဲ၊ ဘယ်လို လုပ်မလဲ

၂။ ရည်မှန်းချက်ကို အတိအကျချထား - ရည်မှန်းချက်ကတော့ WP 2.6 ကို အောင်မြင်စွာ Upgrade လုပ်နိုင်ရေးပေါ့ဗျာ.

၃။ လုပ်နည်း လုပ်ဟန်ကို ကြိုတင်စဉ်းစား - သူများက ဒါပြီးမှ ဟိုဟာ လုပ်ပါ ပြောပေမယ့် ကိုယ့်မှာ ဟိုဟာပြီးမှ ဒါ လုပ်ရတာ လည်း ဖြစ်ချင်ဖြစ်နေ လိမ့်မယ်

၎။ အုပ်ချုပ်မှုအတွက် လိုအပ်တာတွေပြင်ဆင် - မိမိ Blog ကို ပြင်တုန်းဆင်တုန်း ကွန်နက်ရှင် ပြတ်လို့ မရဘူးလေ

၅။ ဆက်သွယ် မှုအတွက် အကွက်ချထား - လုပ်ရင်းကိုင်ရင်း အခက်အခဲ ကြုံခဲ့ရင် အကူအညီတောင်း လို့ ရမည့် သူရှိအောင်

အားလုံးပဲ WordPress 2.6 နှင့် ပျော်ရွင် အောင်မြင်၊ မြန်ဆက် သွက်လက် ဘလော့ဂင်း နိုင်ကြသည် ဖြစ်စေသော်ဝ်!

ရည်ညွန်းကိုးကား

Popularity: 14% [?]

Comments (0)

Tags: , , , , , ,

How to : Installing WordPress Simply

Posted on 02 May 2008 by Mhaw Sayar

ဒီဆောင်းပါးမှာတော့ WordPress Blog တစ်ခုကို မိမိရဲ့ Hosting Server ပေါ်မှာ ဘယ်လို Install လုပ်ရမယ် ဆိုတာ ကို အဆင့်လိုက် အရိုးရှင်းဆုံး တင်ပြသွားမှာ ဖြစ်ပါတယ်။

အဆင့် (၁) ။ ။ WordPress ရဲ့ နောက်ဆုံး ဗားရှင်း လိုအပ်ပါမယ်။ ၎င်းဗားရှင်းကို ရဖို့အတွက် WordPress Download စာမျက်နှာမှာ သွားရောက် ရယူနိုင်ပါတယ်။ ထိုစာမျက်နှာမှာ အောက်ပါ ပုံအတိုင်း ဒေါင်းလုဒ် လုပ်နိုင်တဲ့ ဖိုင် (၂) မျိုးပေးထားတာကို တွေ့ရမှာပါ။ ဒေါင်းလုဒ် လုပ်ရမယ့် ဖိုင်အမျိုးအစားက .zip ဆိုတဲ့ ဖိုင် အမျိုးအစားဖြစ်ပါတယ်။

Download WordPress

အဆင့်(၂) ။ ။ ရလာတဲ့ ဇစ်ဖိုင်ကို Win Rar နဲ့သော်လည်းကောင်း၊ အခြား ဖိုင်ချုံ့/ချဲ့ ဆော့ဖ်ဝဲလ်များနှင့်သော် လည်းကောင်း ဖြေထားရပါမယ်။ ဇစ်ဖိုင်ကို ဖြေပြီးနောက် အောက်ပါ ပုံအတိုင်း ဖိုင်များ ပါဝင်တဲ့ ဖိုင်ထုပ်တစ်ခု ရလာပါမယ်။

Contents Wordpress

အဆင့်(၃) ။ ။ မိမိရဲ့ Hosting Account Cpanel ကိုဝင်ပါ။ ထိုစာမျက်နှာမှာ Database (သို့) MySQL Database ဆိုတဲ့ Icon အမှတ်အသားတစ်ခုကို တွေ့အောင်ရှာဖွေပါ။ တွေ့ရှိပါက ၎င်းကို “ကလစ်“ လုပ်ပြီး Database တစ်ခုဖန်တီးပါ။ Database Name ၊ Password စသည်တို့ကို မိမိစိတ်ကြိုက်နာမည်ပေးပြီး မှတ်သားထားပါ။ အကယ်၍ သင့် Hosting Server သည် localhost Server မဟုတ်ခဲ့လျင် သင်ဖန်တီးလိုက်သော ဒေတာဘေ့စ် ဇယား ၏ အောက် (သို့) ထို ဒေတာဘေ့စ် ဖန်တီးထားသော စာမျက်နှာထဲတွင်ပင် Database Host ၏ လင့်ခ် တစ်ကို ပြထားပါမည်။ ထိုလင့်ခ်အား မှတ်သားထားရန်လိုပါမည်။

Adding MySQL

အဆင့်(၄)။ ။ အဆင့် (၂) တွင်ရရှိထားသော ဖိုင်ထုပ်ကို ဖွင့်ပါ။ ထိုဖိုင်ထုပ်ထဲရှိ wp-config-sample.php ဆိုသော ဖိုင်အား ကော်ပီတစ်ခု ထပ်မံပြုလုပ်၍ ထိုကော်ပီလုပ်ထားသော ဖိုင်အား wp-config.php ဟု အမည်ပေးပါ။

အဆင့်(၅)။ ။ ထို wp-config.php အား ကြိုက်နှစ်သက်ရာ Text Editor တစ်ခုဖြင့်ဖွင့်ပါ။ မိမိ၏ စက်တွင် မည်သည့် Text Editor ဆော့ဖ်ဝဲမှ ထပ်မံထည့်သွင်းမထားဟု ဆိုပါကလည်း Windows တွင် မူရင်းပါသော Notepad, သို့ Wordpad တစ်ခုခုဖြင့် အထက်ပါ ဖိုင်ကို ဖွင့်ပါ။ ဖွင့်ပြီးနောက် ထိုဖိုင်ထဲတွင် ပါရှိသော-

define('DB_NAME', 'putyourdbnamehere'); // The name of the database
define('DB_USER', 'usernamehere'); // Your MySQL username
define('DB_PASSWORD', 'yourpasswordhere'); // ...and password
define('DB_HOST', 'localhost'); // 99% chance you won't need to change this value

Config file of WordPress

အထက်ပါ အချက်အလက်များအား ဖြည့်စွက်ပါ။ DB_NAME (Database Name), DB_USER (Database User Name), DB_PASSWORD (Database Password) စသည်တို့အား အဆင့် (၃) ရှိမိမိဖန်တီးခဲ့ သော ဒေတာဘေ့စ်၏ အချက်အလက်များမှ ရယူလျက် ဖြည့်စွက်ပါ။ DB_HOST’, ‘localhost’ သည် သာမန်အားဖြင့် ပြောင်းလဲစရာ မလိုသော အချက်အလက် တစ်ခုဖြစ်လေ့ ရှိပြီး အကယ်၍ သင့် Hosting Server သည် localhost Server မဟုတ်ဟု ဆိုပါက အဆင့်(၃) တွင်ပြောခဲ့သည့် အတိုင်း ဒေတာဘေ့စ် တည်ဆောက်သော စာမျက်နှာတွင်ပင် Database Host ကို ပြသထားလေ့ရှိပါသည်။

အားလုံး ဖြည့်စွက်ပြီးစီးသည့်နောက် config.php ကို Save လုပ်ပါ။

အဆင့်(၆)။ ။ အဆင်သင့် ဖြစ်နေပြီဖြစ်တဲ့ Wordpress File ထုပ်ကို အင်စတောလ် လုပ်ရန် နည်းလမ်း(၂) ခုကို အသုံးပြုနိုင်ပါတယ်။ နည်းလမ်း(၁) ကတော့ မိမိရဲ့ Hosting Server Cpanel ရှိ File Manager ကနေတဆင့် WordPress File ထုပ်ကို ဆာဗာပေါ်တင်ပြီး အင်စတောလ် လုပ်ခြင်းပါ။ ဒုတိယနည်းလမ်းကတော့ FTP Clients Software တစ်ခုခုကို အသုံးပြုပြီး အင်စတော့လ် လုပ်ခြင်းဖြစ်ပါတယ်။ ပထမနည်းကတော့ မူလဆာဗာထဲကို Browser ကနေတဆင့် အဆင့်ဆင့် ၀င်ပြီး အသုံးပြုရတာဖြစ်တဲ့ အတွက် အလုပ်လုပ်ချိန်အလွန်ပဲ ကြာပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒုတိယနည်းလမ်းဖြစ်တဲ့ FTP Clients တစ်ခုခုကို အသုံးပြုပြီး အင်စတောလ် လုပ်ခြင်း ဆိုတဲ့ နည်းလမ်းကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မိမိစိတ်ကြိုက် FTP Clients တစ်ခုခုကို ဖွင့်ပါ။ ပြီးတဲ့ နောက် ၎င်းအကူအညီနဲ့ မိမိ အဆင်သင့် ဖန်တီးထားခဲ့တဲ့ WordPress File ထုပ်ကို မိမိ အင်စတောလ် လုပ်လိုတဲ့ Server ပေါ်ရှိ Folder ထဲကို ထည့်သွင်းပါ။ FTP Clients တွေကို အသုံးပြုပြီး မိမိရဲ့ Hosting Server တွေနဲ့ ချိတ်ဆက် အလုပ်လုပ်ပုံကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

How to install wordpress with FTP Clients

ဖိုင်အားလုံး Server ပေါ်ရောက်သွားပြီဆိုပါက www.yourdomain.com/wp-admin/install.php ဆိုတဲ့ လင့်ခ်ကို Browser တစ်ခုခုထဲတွင် ထည့်သွင်း၍ ၀ါ့ဒ်ပရက်စ် ကိုအင်စတောလ် လုပ်နိုင်ပါပြီ။ (yourdomian ဆိုတဲ့ နေရာမှာ မိမိရဲ့ domain name ဖြစ်ရပါမယ်။)

အဆင့်(၇) ။ ။ အထက်ပါ လင့်ခ် ကို မိမိ Browser ထဲ ထည့်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် အောက်ပါအတိုင်း စာမျက်နှာတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ Blog Name နေရာမှာ မိမိပေးချင်တဲ့ နာမည် တစ်ခုထည့်သွင်းပါ။ Description နေရာမှာ မိမိ ဘလော့ဂ် အကြောင်းကို အတိုဆုံးနှင့် အရိုးရှင်းဆုံး ဖော်ပြနိုင်တဲ့ စကားစုအချို့ထည့်သွင်းပါ။ အားလုံး ပြီးတဲ့ နောက် Install ကိုနှိပ်ပါ။

အဆင့်(၈) ။ ။ အထက်ပါအဆင့်ပြီးတာနဲ့ မိမိဘလော့ဂ် Admin Panel ကို ၀င်ဖို့အတွက် နာမည်- admin နှင့် Password တစ်ခုပေးလာပါမယ်။ မှတ်သားထားပြီး မိမိရဲ့ WordPress Admin Panel ကို ၀င်လို့ ကြိုက်နှစ်သက်ရာကို ဆက်လက် လုပ်ဆောင်နိုင်ပါပြီ။

WordPress Login

Installed Wordpress

WordPress အား Install လုပ်ခြင်း အောင်မြင်စွာပြီးဆုံးပါပြီ။

ရည်ညွှန်းကိုးကား

Popularity: 67% [?]

Comments (12)

Tags: , , , ,

Revolution WordPress Theme- Now Free!

Posted on 01 May 2008 by Mhaw Sayar

Preview of Revolution WordPress ThemeBrian Gardner ရဲ့ နာမည်ကျော် Revolution WordPress Theme တွေထဲက တစ်ခုကို အခု သင်ကိုယ်တိုင် Free Copy တစ်ခု ရယူသုံးစွဲနိုင်ပါပြီ။ Revolution Theme တွေရဲ့ ကျော်ကြားမှုနှင့် Brian ရဲ့ Wordpress Theme ဖန်တီးမှုမှာ ကျွမ်းကျင်သေသပ်လှပ မှုတို့ကတော့ အထူးပြောစရာမလိုအောင်ပါပဲ။ ယခု Free Copy အဖြစ် သုံးစွဲနိုင်အောင် ဖန်တီးပေးလိုက်တဲ့ Theme ဟာဆိုရင်လည်း အဲဒီ Theme မတိုင်ခင်ထွက်ရှိထားတဲ့ Justin Tadlock ရဲ့ Options Theme နဲ့ အပြိုင် Revolution Theme တွေရဲ့ အစဉ်အလာအတိုင်း သေသပ်လှပမှု၊ အရောင်များကို မျက်စိပဒါသဖြစ်အောင် ကစားထားမှု စတာတွေမှာ ဘာမှ ပြောစရာမလိုအောင် ပြည့်စုံကောင်းမွန်တာကို တွေ့ရမှာပါ။

ခန့်ခန့်ငြားငြားနဲ့ ကိုယ့်ဘလော့ဂ်ကို အလှဆင်ချင်သူတွေ အတွက် အောက်ပါ နေရာများမှာ Revolution Theme ကို အစမ်းကြည့်ရှု နိုင်သလို ကြိုက်နှစ်သက်ပါကလည်း တစ်ပါတည်း ဒေါင်းလုဒ်လုပ် အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း။

Demo | Download

Via: Hack WordPress

Popularity: 60% [?]

Comments (0)

Tags: , , , ,

WordPress Plugins Updates

Posted on 28 April 2008 by Mhaw Sayar

WordPress 2.5 နှင့် အတူ Wordpress Plugin တော်တော်များများ လည်း Update တွေ တစ်သီတစ်တန်းကြီး ပေးနေကြတာ ကိုတွေ့ရပါတယ်။ အခု WordPress 2.5 မှာ အရမ်းအဆင်ပြေလာတာ တစ်ခုကတော့ မိမိရဲ့ Admin Dashboard ကနေတဆင့် Plugins Admin Panel ထဲရောက်သွားရင် Update ဖြစ်တဲ့ Plugin တွေကို တစ်ခါတည်း ပြထားပေးပြီး Download လုပ်မလား Automatic Upgrade လုပ်မလား တစ်ပါတည်း မေးထားခြင်းပါပဲ။ အရင် WordPress 2.3 အထိ Plugin တစ်ခု Update ရှိမရှိ ဆိုတာပဲ ပြနိုင်ပြီး အဲဒီ Auto Upgrade လုပ်တဲ့ Feature မပါဘူးလို့ ကျွန်တော် မှတ်ထားခဲ့ပါတယ်။ အခုတော့ အားလုံးဟာ 1 Click နဲ့တင် အားလုံး အိုကေနေပါပြီ။

ဒီတစ်ပတ်အတွက် Wordpress ရဲ့ Plugin တွေ Update မှာ Popular ဖြစ်မှု အဆင့်အတန်းနဲ့ ပြောရမယ်ဆိုရင် အောက်ပါ အတိုင်းဖြစ်ကြပါတယ်။

၁) Google XML Sitemaps (The Most Popular Plugin)

Wordpress Blog တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ Plugin တစ်ခုလို့ဆိုပါရစေ။ ၂၀၀၅ ခုနှစ်ကတည်း ကစတင် သုံးစွဲလာကြတဲ့ Senior Plugin တစ်ခုဖြစ်ပြီး ဒီ Plugin အကူအညီနဲ့ Google, Yahoo & MSN တို့ကဲ့သို့ ရှာဖွေရေး Search Engine ကြီးတွေက သင့် Wordpress Blog က သင်ရေးသမျှ ဆောင်းပါးတွေ၊ Contents တွေကို အလွယ်တစ်ကူ အလိုအလျောက် Indexing လုပ်လို့ရစေပြီး စာဖတ်သူတွေ အလွယ်တစ်ကူ ရှာဖွေတွေ့ရှိစေနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒီ Plugin က ဒီနေ့( 28.04.2008) အတွက် The Most Popular Plugin ဖြစ်ပြီး မိမိကိုယ်တိုင်လည်း မဖြစ်မနေရယူ သုံးစွဲသင့်ပါကြေင်း သတင်းကောင်းပါလိုက်ရပါတယ်။

Download Plugin | Plugin Homepage

၂) Flickr RSS For WordPress Plugin

WordPress 2.5 ထွက်လာတာနဲ့ အတူ သူ့ကို အမှီလိုက်ပြီး စောစောစီးစီး Update ဖြစ်အောင် လိုက်လုပ်ပေးခဲ့ကြတဲ့ Plugin တွေထဲမှာ ဒီ Plugin လည်း ပါပါတယ်။ ဒီနေ့ ခေတ် ဒီနေ့အချိန် Blogging လောကမှာ စာရေးကောင်းရုံတစ်ခုတည်း နဲ့ ချီတက်လို့မရတော့ပါဘူး။ ကိုယ့်ဘလော့ဂ်ကို လူတွေစိတ်ဝင်စားမှု ပိုမိုရရှိစေဖို့၊ လာလည်သူတွေ ကိုယ့်ဘလော့ဂ် ရောက်ရင် မျက်စိ ပဒါသ ဖြစ်စေဖို့ စတဲ့ အချက်အလက်တွေနဲ့ အတူ Blog Theme ရေးသူတွေ၊ Plugin ရေးသူတွေကြားမှာပါ အယူအဆတွေ တော်လှန်ပြောင်းလဲ လာခဲ့ကြတာကို တွေ့ရမှာပါ။ ဒီ Flickr RSS Plugin ဟာဆိုရင် ဒီပြောင်းလဲမှုတွေကို သရုပ်ဖော်ဖို့၊ ဥပမာ ပြဖို့ အတွက် အကောင်းဆုံး သက်သေတစ်ခုပါ။ သာမန်အားဖြင့် ဒီ Plugin လေးဟာ အသုံးဝင်ချင်မှ ၀င်မှာ ဖြစ်ပေမယ့် တစ်ကယ့် Professional Blogging လောကမှာ ရှိတဲ့ Blogger တွေ အတွက် အတော့်ကို အရေးပါပါတယ်။

ဒီ Plugin ကို သုံးမယ်ဆိုရင် သင့်မှာ Flickr Acoount တစ်ခုတော့ရှိဖို့လိုမှာပါ။ Flickr ဆိုတာကတော့ ဒီနေ့ခေတ် Web 2.0 တွေ၊ Social Community တွေရဲ့ မိခင်ကြီး တစ်ပါးပါ ဆိုရင်လည်း မမှားပါဘူး။ အပျော်တမ်းပဲဖြစ်ဖြစ်၊ Professional ပဲဖြစ်ဖြစ် ရိုက်ထားတဲ့ သင့် ဓာတ်ပုံမှန်သမျှကို ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သင့် သူငယ်ချင်းတွေရော၊ ကိုယ့်လိုပဲ ဓာတ်ပုံဝါသနာရှင်တွေနဲ့ပါ အခမဲ့ Sharing လုပ်လို့ရစေတဲ့ နေရာတစ်ခုပါ။

Download | Plugin Homepage

၃) Plugin Central (Only for WP 2.5)

ဒီ Plugin ကတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်ခြင်းပါပဲ။ Plugin အကူအညီနဲ့ Plugin တွေ Update ဖြစ်မဖြစ် စစ်ဆေးပေးနိုင်ပြီး ဒေါင်းလုဒ်၊ Install လုပ်ငန်းစဉ်တွေကို တစ်ပါတည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ Plugin အထုပ်ကို ဒေါင်းလုဒ်လုပ်၊ WP Folder ထဲသွားထည့်၊ နောက် Admin Panel ထဲကနေတဆင့် Activate လုပ်ရတဲ့ အဆင့်တွေ မလိုတော့ဘူးပေါ့။ တစ်ခုရှိတာက ကျွန်တော် ကိုယ်တိုင်လည်း မစမ်းကြည့်ရသေးတော့ တစ်ချို့ Plugin ( eg. Google XML Sitemaps Generator) လိုမျိုး Plugin တွေမှာ အလုပ်လုပ်ပါ့မလား လို့ သံသယရှိပါတယ်။ အဲဒီလို Plugin တွေရဲ့ Installation မှာက .xml တို့ .gz တို့ဆိုတဲ့ ဖိုင်တွေကို ကိုယ်တိုင်ဆောက်ပြီး ထည့်သွင်းရတဲ့ အဆင့်တွေ ပါနေလို့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ များသောအားဖြင့် Plugin တွေရဲ့ Installation ကတော့ အဲဒီလောက် ရှုပ်ထွေးမှု မရှိတဲ့ အတွက် အားလုံး အဆင်ပြေပြေ လုပ်သွားနိုင်လိမ့်မယ် လို့ယူဆမိပါကြောင်း။

Download & Plugin Homepage

၎) Widgetized Admin Dashboard

ဒီ Plugin ကလည်း WordPress 2.5 အတွက်သာလျင်ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ မူရင်း WordPress Admin Panel Dashboard မှာပါတဲ့ တစ်ချို့သော Content ( WP Planet News, WP Developer News) စတာတွေကို ဖယ်ရှားပစ်ပြီး မိမိစိတ်ကြိုက် Widget တွေနဲ့ ပြန်လည် ပြုပြင်မွမ်းမံလို့ရစေတာပါပဲ။ စိတ်ပါဝင်စားသူတွေ အောက်ပါနေရာတွေမှာ သွားရောက် ဒေါင်းလုဒ် လုပ်အသုံးပြုနိုင်ပါတယ်။

Download & Visti Home Page

၅) AlexKing’s WordPress Plugin Compatibility

ကျော်ကြားတဲ့ WordPress Plugins တော်တော်များများကို ရေးသားသူဖြစ်တဲ့ Alex King ရဲ့ ဒီဆောင်းပါးလေးကလည်း WordPress User တွေ အတွက် အထောက်အကူ တစ်ခုခုပေးနိုင်မှာ အသေအချာပါပဲ။ အဲဒီ ဆောင်းပါးမှာ သူရေးသားခဲ့သမျှ WordPress Plugin တွေရဲ့ Update ဖြစ်မှု၊ Compatibility ဖြစ်မှု စတာတွေကို စာရင်းနှင့် တကွ ဖော်ပြထားပြီး ဘယ် Plugin ကတော့ ဘယ် WordPress Version နဲ့ ကိုက်ညီ အသုံးပြုနိုင်တယ် ဆိုတာ အလွယ်တစ်ကူ သိစေနိုင်ပါတယ်။

Alexking’s WordPress Plugin Compatibility

Popularity: 50% [?]

Comments (0)

Tags: , , , ,

WordPress 2.5.1 Bug Fixed.

Posted on 26 April 2008 by Mhaw Sayar

WordPress New VersionWordPress 2.5 ထွက်ပြီး ၂၇ ရက်အကြာ ဧပရယ်လ ၂၅ ရက်နေ့မှာ WordPress 2.5 ရဲ့ ဗားရှင်းအသစ် WordPress 2.5.1 ထွက်လာပါပြီ။ ပြီးခဲ့တဲ့ လ ကပဲထွက်ရှိခဲ့တဲ့ WordPress 2.5 အနေနဲ့ ဗားရှင်း အသစ်တွေ ထွက်လာတဲ့ အခါမှာ ကြုံတွေ့ရလေ့ ရှိတဲ့ ပြဿနာတွေ အတိုင်း Bug တွေ ပါနေမှု၊ ယခင် Plugin တွေ နဲ့ အလုပ်မလုပ်မှု၊ Theme တွေ ကမောက်ကမ ဖြစ်မှု၊ အသားကျနေပြီးသား ဗားရှင်း အဟောင်းသမားတွေက ကန့်လန့်တိုက်ပြောဆိုမှု၊ နောက် ပွဲလန့်တုန်း ဖျာခင်းဆိုသလို WordPress 2.5 ထွက်ခါနီး အကြောင်းကြောင်းကြောင့် နှောင့်နှေးနေချိန်မှာ ပြိုင်ဖက် ကုမ္ပဏီတွေရဲ့ မျက်နှာပြောင်တိုက် ဈေးကွက်ဝင်လုမှု စတာတွေကို အလူးအလဲ ခံခဲ့ရပေမယ့်လည်း WordPress ချစ်သူ Blogger ကြီးငယ် ဟူသမျှတို့က 2.5 ကြီးကို ၀မ်းမြောက် ၀မ်းသာကြိုဆိုခဲ့ကြပါတယ်။

သို့သော်လည်း WordPress 2.5 အနေနဲ့ Bug တွေပါနေတာကတော့ နာမည်ကြီး WordPress Blogger တွေကြားမှာ အတော့်ကို သိသိသာသာ ပြောစရာတွေ၊ ဆွေးနွေးစရာတွေ ဖြစ်ခဲ့တာ အမှန်ပါပဲ။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင်. WordPress 2.5 မှာ Admin Panel ကို Custom Theme တွေ ကြိုက်သလို ပြောင်းလဲ တပ်ဆင်ခွင့်ရလာသလို၊ နောက်ထပ် Feature တစ်ခုဖြစ်တဲ့ Gallery ဆိုတဲ့ Feature ဟာလည်း အတော့်ကို အသုံးဝင်တာ တွေ့ရမှာပါ။ ဒီ Gallery Feature မှာဆိုရင် XHTML Shordcode တွေ Invalid ဖြစ်နေမှု၊ နောက် Image တွေ Loading လုပ်တဲ့ နေရာမှာ တစ်ခါတစ်ရံ Error တက်နေမှု စတာတွေကို ကြုံတွေ့နေကြရတဲ့ အတွက် အချို့သော Blogger တွေ အနေနဲ့ WordPress 2.5 ရဲ့ အဲဒီ မူရင်း Gallery Feature ကိုပဲ မွမ်းမံကာ Bug File တွေကို သန့်ရှင်းပြီး သကာလ ကိုယ်ပိုင် Plugin တွေ ထပ်မံထုတ်လုပ် သုံးစွဲခဲ့ကြတာကို တွေ့ရမှာပါ။

အခုထပ်မံထွက်ရှိလာတဲ့ WordPress 2.5.1 မှာတော့ အထက်ပါ Bug များမှ အစ WordPress Forum မှာ စားသုံးသူတွေ သတင်းပို့ ဆွေးနွေးထားကြတဲ့ Bug File မှန်သမျှနှင့်တကွ Major Bug ပေါင်း ၇၀ ကျော် ကို ပြန်လည် ဖြေရှင်းထည့်သွင်းထားတယ် လို့ဆိုပါတယ်။ အောက်ပါတို့ကတော့ ပြန်လည်ပြင်ဆင် ထည့်သွင်းထားတဲ့ အရာများအနက်မှ အချို့ အ၀က်ပါ။

  • Performance improvements for the Dashboard, Write Post, and Edit Comments pages.
  • Better performance for those who have many categories
  • Media Uploader fixes
  • An upgrade to TinyMCE 3.0.7
  • Widget Administration fixes
  • Various usability improvements
  • Layout fixes for IE

အထက်မှာ ပြောခဲ့သလိုပဲ WordPress 2.5.1 အနေနှင့် မဖြစ်မနေ Update လုပ်ရမယ့် အခြေအနေတစ်ခုကို သေသေသပ်သပ် လုပ်ကိုင်ဆောင်ရွက်လိုက်ခြင်းပါပဲ။ အဲဒီအတွက် လက်ရှိ WordPress 2.5 ကို သုံးစွဲနေကြသူတွေ အနေနဲ့လည်း Security Fix ပေါင်းများစွာကို ထပ်မံမွမ်းမံပြင်ဆင်ထားတဲ့ 2.5.1 ကို မဖြစ်မနေ Update လုပ်သင့်ပါကြောင်း ကို အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။

Update: ဒီ Wordpress 2.5.1 မှာ အရေးကြီးတာ တစ်ခုထပ်တိုးလာပါတယ်။ အဲဒါကတော့ WordPress အထုပ်ထဲမှာ ပါတဲ့ wp-config.php မှာ SECRET_KEY ဆိုပြီး ကီးတစ်ခုထည့် ဖို့ ပါလာတာပဲဖြစ်ပါတယ်။ ဒီကီးလေးကို ထည့်သွင်းထားခြင်းအားဖြင့် သင့်ဘလော့ဂ်မှာ ရှိတဲ့ Cokkies တွေ နဲ့ ဆက်စပ်အချက်အလက် မှန်သမျှကို လုံခြုံမှု ပေးနိုင်ပြီး သင့်ဘလော့ဂ် လုံခြုံရေးကိုပါ ကာကွယ်ပြီး ဖြစ်စေပါတယ်။ ဒီစာမျက်နှာမှာ လိုအပ်တဲ့ ကီးကို Generate လုပ်ယူနိုင်ပြီး ၎င်းစာမျက်နှာကို တစ်ခါဖွင့် တိုင်း ကီးတစ်ခု ပြောင်းနေမှာဖြစ်တဲ့ အတွက် တစ်ယောက်နှင့် တစ်ယောက် ထပ်တူညီဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

Via - WordPress.Org

Popularity: 53% [?]

Comments (0)

Tags: , , , , ,

WordPress Wins BestPublisher Prize

Posted on 26 April 2008 by Mhaw Sayar

Webware 100 ကနေ နှစ်စဉ်ပုံမှန် စားသုံးသူတွေထံကနေ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေကျ ဖြစ်တဲ့ ၂၀၀၇ အတွက် Webware 100 Results များ ထွက်လာပါပြီ။ .Mac , Blogger , Drupal တို့နှင့် အတူ ကျွန်တော်တို့ Hero ကြီး WordPress.com နှင့် WordPress.org တို့လည်း အကောင်းဆုံး Publisher ဆုကို ၂၀၀၇ အတွက် ဆွတ်ခူးရရှိခဲ့ပါပြီ။

ဆုရရှိခြင်းရဲ့ အကြောင်းအရင်းတွေကို Webware100 မှာ ဒီလိုရေးသားထားပါတယ်။

The service is best known for its community-created themes and plug-ins. A blog owner running WordPress on his or her own server can download these and deploy changes to the blog site instantly. WordPress.com users are limited to a smaller selection of these themes and features that come from the plug-ins, although many neat and useful Wordpress.org features make their way over to Wordpress.com just a few months after being released.

သုံစွဲသူတွေအတွက် အံ့မခန်း Feature တွေကို စွမ်းဆောင်ပေးနိုင်တဲ့ အတွက် ခင်ဗျားတို့နှင့် အတူ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ် WordPress ရေ။ ဆက်လက်ပြီး အောင်မြင်တိုးတက်ကြီးပွားဖို့၊ Opensource လောကကြီး ပိုမိုကြီးထွားရှင်သန်ဖို့ ဆက်လက် စွမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်ခင်ဗျား။

Popularity: 56% [?]

Comments (0)

Tags: ,

Launching of WordPress Myanmar.Com

Posted on 05 March 2008 by Mhaw Sayar

WordPress Myanmar.Com ကို ၀ါ့ဒ်ပရက်စ် ဆိုင်ရာ နည်းနာနိဿရများအား မြန်မာဘာသာဖြင့် ပိုမိုဖြန့်ဖြူး ပေးနိုင်ရန်နှင့် ၀ါ့ဒ်ပရက်စ် ဆိုင်ရာ အသုံးချဆော့ဖ်ဝဲလ်များအား မြန်မာမှုပြုရေး စသည့်ရည်ရွယ်ချက်များဖြင့် စတင်ဖွင့်လှစ်လိုက်ပါပြီ။

ရေးသားသူများ အနေဖြင့် မိမိတို့ လေ့လာသိရှိရာ ၀ါ့ဒ်ပရက်စ်ဆိုင်ရာများကို မခြွင်းမချန် အားလုံးသို့ ရေးသားတင်ဆက် ပေးသွားမည်ဖြစ်ပြီး စာရှုသူများ၊ လေ့လာသူများ အနေဖြင့်လည်း ၀ါ့စ်ပရက်စ် ဆိုင်ရာ မိမိတို့သိရှိရာ၊ မျှဝေလိုရာများကို လွယ်ကူစွာ မျှဝေဆွေးနွေးနိုင်ရန်အတွက် ဖိုရမ်ကဏ္ဍ ကိုပါ ထည့်သွင်း တည်ဆောက်ထားပါသည်။ ဆောင်းပါးများတွင် မရှင်းလင်း၊ သောနားမလည်သော အချက်များ အားလုံးအတွက် သက်ဆိုင်ရာ ဖိုရမ်ကဏ္ဍ တွင် မှတ်ပုံတင်၍ အသင်းဝင်အဖြစ် ၀င်ရောက်ပြီး မေးမြန်းနိုင်သကဲ့သို့၊ သက်ဆိုင်ရာဆောင်းပါး၏ အောက်တွင်လည်း မှတ်ချက်ကဏ္ဍမှတဆင့် မေးမြန်းဆွေးနွေးနိုင်ပါ၏။

ဤဆိုဒ်၏ အဖွင့်စာမျက်နှာ တွင် ရေးသားထားသကဲ့သို့ပင် WordPressMyanmar ၏ နောက်ဆုံး ရည်မှန်းချက်မှာ သတင်းခေတ်၊ နည်းပညာခေတ်ထဲတွင် လှုပ်ရှားသွားလာ၊ နေထိုင်ကြရသည့် လူတိုင်းအတွက် မိမိ၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ မိမိ၏စီးပွားရေးဆိုင်ရာ စသည်တို့အတွက် အင်တာနက်စာမျက်နှာ သို့မဟုတ် ၀ဘ်ဘလော့ဂ် တစ်ခု လိုအပ်လာခဲ့လျင် အလွယ်တစ်ကူနှင့် စွမ်းအင်အပြည့်အသုံးချနိုင်သည့် WordPress အား မိမိတို့ကိုယ်ပိုင် ဘာသာစကားဖြင့် လွယ်ကူထိရောက်အောင်မြင်စွာ လက်တွေ့အသုံးချနိုင်ရေး အတွက် အဆိုပါ WordPress နှင့် တကွ သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်များ အားလုံးတို့ကိုပါ မြန်မာမှု ပြုပြီး အားလုံးလက်ဝယ်သို့ အခမဲ့ ဖြန့်ချီပေးသွား နိုင်ရေးဖြစ်သည်။

ဤဆိုဒ်အား ရေးသားသူများ အနေဖြင့် ကိုယ်တိုင်လေ့လာသင်ယူရင်းဖြင့် မိမိတို့သိရှိသည်များကို ပြန်လည်မျှဝေ ခြင်းဖြစ်ရာ လိုအပ်ချက်များ၊ အမှားအယွင်းများလည်း ပါနိုင်မည်မှာလည်း သဘာဝတစ်ခု ပင်ဖြစ်ပါသည်။ ရေးသားသော ဆောင်းပါးတိုင်းအတွက် တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် ကြိုးစားသွားမည် ဖြစ်သော်လည်း ပါရှိလာခဲ့သော လိုအပ်ချက်များအတွက်မူ ဝေဖန်အကြံပေးထောက်ပြ ဆွေးနွေးမှုများအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ဤသို့ စိတ်ဝင်တစား ၀င်ရောက်ဆွေးနွေးပေးသည့် အတွက်လည်း ကျေးဇူးအထူးတင်ရှိမည် ဖြစ်ကြောင်း လေးနက်စွာ ပြောကြားလိုပါ၏။

ဤ ၀ဘ်စာမျက်နှာမှ ဆောင်းပါးများ အားလုံးကို ပုံမှန်ဖတ်ရှုလိုသူများ အနေဖြင့် အီးမေးလ် မှ သော်လည်းကောင်း RSS Feed မှသော်လည်းကောင်း လွယ်ကူစွာ ဖတ်ရှုနိုင်ပြီး ထိုသို့ဖတ်ရှုရန် အတွက် အခြားမည်သည့် ဆော့ဖ်ဝဲလ်မှ ထပ်မံထည့်သွင်းစရာ မလိုပဲ Reader Software တစ်ခုခုကို အသုံးပြုတတ်ရန် သာလိုအပ်ပါသည်။

လာရောက်လည်ပတ် ဖတ်ရှုကြခြင်း အတွက် ဧည့်သည်တော်များ အားလုံးကို ကျေးဇူးဥပကာရ အထူးတင်ရှိပါသည်။

Popularity: 73% [?]

Comments (1)

Tags: , , ,

Step-by-Step Tutorial

Posted on 05 March 2008 by Mhaw Sayar

Step-by-Step Tutorial on How to Blog at WordPress.Com

ဝါ့ဒ်ပရက်စ် ဒေါ့ ကွန်း မှာ ဘလော့ဂ်လုပ်မယ်ဆိုရင် ဒီဗီဒီယိုကို အရင်ကြည့်ရှုသင့်ပါတယ်။ Continue Reading

Popularity: 70% [?]

Comments (8)

Tags: , , ,

Interview with Matt

Posted on 27 February 2008 by Mhaw Sayar

Yahoo Developer Network က Jeremy Zawodny ဟာ WordPress ရဲ့တည်ထောင်သူ Matt Mullenweg နဲ့ လွန်ခဲ့တဲ့ သီတင်း(၂) ပတ်ခန့်က အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ Continue Reading

Popularity: 41% [?]

Comments (0)

Tags: , , ,

WordPress ဆိုတာဘာလဲ။

Posted on 27 February 2008 by Mhaw Sayar

နိဒါန်း

ဝါ့ဒ်ပရက်စ် ကို Matt Mullenweg က ၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘလော့ဂ် မှာရေးသားချက်အရ Matt ဟာ အဲဒီကာလတုန်းက ရှိတဲ့ Blogging Platform B2|Cafelo ကိုသုံးစွဲရမှု အပေါ်မှာ စိတ်ကျေနပ်မှု မရှိတဲ့ အတွက် ကိုယ်တိုင် Blogging Platform တစ်ခုကို လူအားလုံး အလွယ်တစ်ကူနဲ့ စွမ်းအင်အပြည့် အသုံးချနိုင်အောင် စတင်ရေးသားဖို့ ကြံစည်ရာက နေ WordPress ကို မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။

WordPress ကိုစတင်တည်ထောင်စဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ Matt ဟာ အသက် ၂၂- အရွယ်အရောက် ၂၀၀၇ -ဇန်န၀ါရီ မှာတော့ PCWorld မဂ္ဂဇင်းရဲ့ အင်တာနက်တခွင် အရေးအကြီးဆုံး လူသား (၅၀) စာရင်း မှာ နံပါတ် (၁၆) အဖြစ် နှင့် အသက်အငယ်ဆုံး အောင်မြင်သူတစ်ဦးအဖြစ်ပါ သတ်မှတ် ရွေးချယ်ခံရပါတယ်။

WordPress ဆိုတာ

ဝါ့ဒ်ပရက်စ် ကို WordPress.Com မှာ အကောင့်ထ် တစ်ခုလုပ် ခြင်းဖြင့် သော်လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Premium Hosting ဒါမမဟုတ် Free Hosting တွေမှာ သော်လည်းကောင်း လွတ်လပ်လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။

ဖြန့်ချီပြီးခဲ့သမျှ ၀ါ့ဒ်ပရက်စ် ဗားရှင်းတွေကို ဒီနေရာ မှာ လေ့လာဖို့ အတွက် သော်လည်းကောင်း၊ သုံးစွဲဖို့ အတွက် သော်လည်းကောင်း ရယူနိုင်ပါတယ်။

အနည်းဆုံး လိုအပ်ချက်

ဝါ့ဒ်ပရက်စ် ကို ကိုယ်ပိုင် Hosting တစ်ခုခုမှာ အသုံးပြုမည့် သူများအတွက် အနည်းဆုံး အနေဖြင့် အောက်ပါ အချက်များလိုအပ်ပါတယ်။

၁။ PHP version 4.2 နှင့်အထက်

၂။ MySQL version 4.0 နှင့်အထက်

ဒီနေ့ ဒီအချိန်မှာ များသောအားဖြင့် Web Hosting အများစုဟာ PHP နှင့် MySQL တို့ကို version 5 အထိ အဆင့်မြှင့်ထားကြပြီးနေပါပြီ။ အကယ်၍ မိမိ အသုံး ပြုနေတဲ့ Hosting Services က WordPress အသုံးပြုနိုင်လောက်အောင် PHP နှင့် MySQL ကို အဆင့်မြှင့်ပေးမထားသေးရင်လည်း သူတို့ ထံကို အကြောင်းကြား တောင်းဆိုသင့်ပါတယ်။

အသုံးပြုခွင့်လိုင်စင်

ဝါ့ဒ်ပရက်စ် ဟာ OpenSource Software တစ်ခုဖြစ်တာနဲ့ အညီ စိတ်ပါဝင်စားသူ မည်သူမဆိုက ထပ်မံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်၊ အခမဲ့ အသုံးပြုနိုင်ပြီး မည်သူမဆို အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။

ဖြန့်ချီတဲ့ လိုင်စင်အမျိုးအစားကတော့ GPL လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။

References; WikiPedia , WordPress.ORG, PCWorld, Photo Matt

Popularity: 59% [?]

Comments (2)

Advertise Here

Photos from our Flickr stream

Firefox - Fire Wallpaper

Axis

4CLY

Arka Fonlar By Bebeto-m (131)

Arka Fonlar By Bebeto-m (130)

Arka Fonlar By Bebeto-m (128)

Arka Fonlar By Bebeto-m (129)

Arka Fonlar By Bebeto-m (127)

See all photos

Advertise Here